ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားဂျပန်နိုင်ငံ၊အအိချိခရိုင်၊မြန်မာနိုင်ငံ၏ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Toshio Nishimuraနှင့်The World BankမှDirector for Myanmar, Cambodia and Lao PDRMs. Ellen Goldsteinတို့သီးခြားဆီလာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ၁၇ ရက်    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားဂျပန်နိုင်ငံ၊အအိချိခရိုင်၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် The World Bank မှ Director for  Myanmar, Cambodia and LaoPDRjaစ်သူMs.EllenGoldsteinတို့ကအဆိုပါဝန်ကြီးရုံးမေခလာခန်း၌(ေ၆.၅.၂၀၁၈)ရက်နေ့တွင်သီးခြားဆီလာရောက်တွေ့ဆုံပါသည်။          ထိုသို့တွေ့ဆုံရာတွင်မြန်မာနိုင်ငံ၏ဂုဏ်ထူးဆောင်ကောင်စစ်ဝန်Mr.ToshioNishimuraကဦးဆောင်၍ဂျပန်နိုင်ငံတွင်မြန်မာနိုင်ငံဆိုင်ရာရင်းနှီးမြှုပ် နှံမှုဆွေးနွေးပွဲတစ်ခုပြုလုပ်မည်ဖြစ်ပြီး ဂျပန်နိုင်ငံသားလုပ်ငန်းရှင်(၁၂၀)ခန့် တက်ရောက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့လာရောက် မည့်ကိစ္စများ၊ ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံတွင် ခုတင်(၁၀၀)ဆံ့ သက်ကြီးစောင့်ရှောက် ရေးဂေဟာဖွင့်လှစ်၍စောင့်ရှောက်နေမှုများ၊ဝန်ကြီးဌာနအနေဖြင့်ပြည်သူများ၏လူမှုဘဝလုံခြုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ထိခိုက်ခံစားရသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ဦးစီးဌာန(၃)ခုဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေ မှုများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ယန်း(၃၃၀)သန်း ထောက်ပံ့ထားပြီး စီမံကိန်းများချမှတ်ကာ ထိရောက်စွာ အကောင်အထည်ဖေါ်နေမှုများ၊ ရခိုင်ပြည်နယ် ကိစ္စတွင် အဖြစ်မှန်အားသိရှိနားလည်ပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည် ကူညီပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ဂျပန်နိုင်ငံနှင့် မြန်မာ နိုင်ငံဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။                                              ဆက်လက်၍ The World Bank မှ Director for  Myanmar, Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူ များထံ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသော စီမံကိန်းများ၊ စီမံချက်များချမှတ် အကောင်အထည်ဖေါ်လျက်ရှိပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင်ပါဝင်သည့် အဓိကကျသည့် စီမံကိန်း(၈)ခုအနက်(၃)ခုအား အကောင် အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောအသက်(၂)နှစ်အောက်ကလေးငယ်အားငွေကြေးထောက်ပံ့ရေး အစီအစဉ်ကိုရခိုင်ပြည်နယ်နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်နိုင်ငံတော်ဘဏ္ဍာဖြင့်လည်းကောင်း၊ချင်းပြည်နယ်တွင်LIFTရန်ပုံငွေဖြင့် လည်းကောင်း အကောင်အထည်ဖေါ်လျက်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် World Bank(ကမ္ဘာ့ဘဏ်)၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ်မည့်ကိစ္စများ၊ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်များအကောင်အထည်ဖေါ်ရာ တွင် ကမ္ဘာ့ဘဏ်အနေဖြင့် လိုအပ်သည်များ ကူညီ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖေါ်ရေးကော်မတီ၏ဦးစားပေးလုပ်ငန်း(၃)ခုဖြစ်သည့်နိုင်ငံသားစိစစ်ရေး၊လွတ်လပ်စွာသွားလာခွင့်ရရှိရေးနှင့်(၂၀၁၂)ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးဆောင်ရွက်နေမှုများ၊နှစ်နိုင်ငံသဘောတူညီ ချက်များအရ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးစီစဉ်ထားရှိမှုများ၊WorldBank(ကမ္ဘာ့ဘဏ်)အနေဖြင့်ရခိုင်ပြည်နယ်အတွက်ကူညီထောက်ပံ့မည့်ကိစ္စရပ်များနှင့်၎င်းတို့မှ ရခိုင်ပြည်နယ်အတွင်းအကဲဖြတ်ဆန်းစစ်ချက် ဆောင်ရွက်မည့်ကိစ္စများအားမူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

FacebookTwitter