ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်လူမှုဝန်ထမ်းဦးစီးဌာန၏လုပ်ငန်း တာဝန်များ နှင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းရှင်းလင်းဆွေးနွေးခဲ့ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈ခုနှစ်၊ မေလ ၁၇ရက်
၂၀၁၈ခုနှစ်မေလ(၁၅)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင်ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့်ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအေးကျော်ကလူမှုဝန်ထမ်ဦးစီးဌာန၏လုပ်ငန်း တာဝန်များနှင့်ပြည်သူ့အတွက်ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများအားရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသူများမှသိရှိလိုသည်များ ကိုမေးမြန်းခြင်း၊ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။နှီးနှောဖလှယ်ပွဲသို့ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ/ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(FDA)မှအဖွဲ့ဝင်များ ၊ရေလုပ်သားကိုယ်စာလှယ်များ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများစုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ကြပါသည်။