ဖျာပုံခရိုင်အတွင်းရှိINGOs၊ NGOs အဖွဲ့အစည်းများနှင့်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ၂၀၁၈ခုနှစ် ၊မေလ၁၈ရက်
၂၀၁၈ခုနှစ်၊မေလ(၁၇)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ဖျာပုံခရိုင် အတွင်းရှိINGOs၊ NGOsအဖွဲ့အစည်းများနှင့်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒေသဖွံ့ဖြိုးရေး၊လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပြည်သူ့ ဝန်ဆောင်မှုများပေးရာတွင်လစ်ဟာမှုမရှိစေရေး၊ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသတင်းအချက်အလက်များမျှဝေပေးနိုင်ရေးဆောင်ရွက်နေသော လုပ်ငန်းစဉ်များအားပေါင်းစပ်ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်၍ကျင်းပခဲ့ပါသည်။အစည်းအဝေးသို့ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကိုယ်စားလှယ်များ၊ World Vision(ဖျာပုံ/ ဘိုကလေး)၊၊Good Neighbor International(GNI)ဘိုကလေး ၊Action Aid၊ရေလုပ်သားဖွံ့ဖြိုးရေးအဖွဲ့(FDA)၊ရန်ကုန်ကရင်နှစ်ခြင်းအမျိုးသမီးများအဖွဲ့(YK)မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးသက် ဆိုင်ရာဌာနအဖွဲ့အစည်းမှလက်ရှိဆောင်ရွက်နေသောလုပ်ငန်းများရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်ပေးရမည့်အခြေ အနေ များအားဆွေးနွေးညှိနှိုင်းခဲ့ကြပါ သည်။