ရပ်ရွာအခြေပြုစမော့ကင်းထိုးနည်းနှင့်ချည်ပန်းထိုးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေစကြီး၊၂၀၁၈ခုနှစ်၊မေလ၂၁ရက်
၂၀၁၈ခုနှစ်၊မေလ(၁၈)ရက်နေ့၊နေ့လည်(၁း၀၀)နာရီတွင်ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့်Welt-hunger half(ဘိုကလေးမြို့) တို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရပ်ရွာအခြေပြု(၄/၂၀၁၈) စမော့ကင်းထိုးနည်းနှင့်ချည်ပန်းထိုးသင်တန်းဆင်းပွဲကျင်းပခဲ့ပါသည်။သင်တန်းဆင်းပွဲသို့ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ၊အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊Welt-hubger halfမှတာဝန်ရှိသူများ၊သင်တန်းသူများတက်ရောက် ခဲ့ကြပါသည်။အဆိုပါသင်တန်းကိုရပ်ရွာအတွင်းလက်မှုပညာရပ်များဖြင့်အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ကြရန်ရည်ရွယ်၍(၈.၅.၂၀၁၈)ရက်နေ့မှ (၁၈.၅.၂၀၁၈)ရက်နေ့အထိဘိုကလေးမြို့နယ်အတွင်းရှိကျေးရွာအသီးသီးမှ သင်တန်းသူ (၂၀) ဦးဖြင့်ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ထူးချွန်ဆုရ ရှိကြသူများကိုလည်းဆုများချီးမြှင့်ပေးအပ်ခဲ့ ပါသည်။