ရခိုင်ပြည်နယ်ကိစ္စအရေးပေါ်မေးမြန်းသည့်မေးခွန်းများနှင့်စပ်လျဉ်းသည့်ခြွင်းချက်အစီရင်ခံစာရေးသားရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော် ၊၂၀၁၈ခုနှစ်၊ မေလ ၂၃ရက်

(၂၃.၅.၂၀၁၈)ရက်နေ့၊နံနက်(၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (UN Convention on the Elmination of all forms of Discrimination Against Women UNCEDAW)ကော်မတီမှပေးပို့လာသော ရခိုင်ပြည်နယ်ကိစ္စအရေးပေါ်ေ မးမြန်းသည့်မေးခွန်းများနှင့်စပ်လျဉ်းသည့်ခြွင်းချက်အစီရင်ခံစာရေးသားရေးအတွက်ညှိနှိုင်းအစည်းအဝေးကိုဌာနဆိုင်ရာများမှတာဝန်ရှိသူ(၃၀) ဦးဖြင့် ကျင်းပပြလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ အစီရင်ခံစာပြုစုရေးသားခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များအမှာစ ကားပြောကြားခြင်း၊ တက်ရောက်လာသူတာဝန်ရှိသူုများမှလိုအပ်သည်များပြင်ဆင် ဖြည့်စွက် အကြံပြုတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

ရရှိလာမည့် အကြံပြုချက်သဘောထားမှတ်ချက်များနှင့်အညီအစီရင်ခံစာ အားပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီး နောက် UNCEDAW ကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။

FacebookTwitter