ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏၅/၂၀၁၈လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော်၊၂၀၁၈ခုနှစ်၊မေလ ၂၈ရက်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၅/၂၀၁၈လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ၂၅-၅-၂၀၁၈ရက်နေ့၊ ၁၃:၀၀နာရီအချိန်တွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။
ပထမဦးစွာ ကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီစတင်ဖွဲ့စည်းပြီး ကတည်းက အစည်းအဝေးများကျင်းပခဲ့ပြီး ယခုအကြိမ်ဟာ (၁၄)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ် အတွင်း(၅)ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အကြံပြုချက်များကို အကောင်အထည်ဖော်နေခြင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းစေရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး တို့အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်သွားမည်ဖြစ်ကြောင်း၊ အကြံပြုချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ယခုဦးစားပေးဆောင်ရွက်နေသောအချက်များသည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအပေါ်ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ပြီး ရေရှည်တွင်လည်း ဖွံ့ဖြိုး တိုးတက်ခြင်း၊ ပဋိပက္ခကင်းဝေးခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်းတို့ရရှိမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ဆောင်ရွက်ရေးများသာဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရာတွင် လက်တွေ့မြေပြင်၌ အပြု သဘောဆောင်သည့် ပြောင်းလဲမှုများအမှန်ရရှိရန်လိုအပ်ကြောင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့် တာဝန်ရှိသူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အမှန်တကယ် အပြောင်လဲတိုးတက်မှုများကို ခံစားရသူများက ထုတ်ဖေါ်ပြောကြားလာသည်အထိ ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ ယခုဦးစားပေးဆောင်ရွက်နေသော ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှု၊ ဥပဒေနှင့်အညီလွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိစေမှု၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းလက်လှမ်းမီမှုရရှိစေမှု၊ ၂၀၁၂ခုနှစ်က စတင်ခဲ့သော IDPစခန်းများကို အစီအစဉ်တကျပိတ်သိမ်းရန် စီမံချက်ချမှတ်ဆောင်ရွက်နေမှု၊ အထောက်အထားပြသနိုင်သော တိုးတက်ပြောင်းလဲမှုဖြင့် မှန်ကန်သောသတင်းများထုတ်ပြန်နိုင်ရေး စသည် များကို ရှင်းလင်းပြောကြားပြီး အကြံပြုချက်များဆောင်ရွက်ပြီးစီးမှုများကို ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအကြိမ်ထုတ်ပြန်ပေးပြီးဖြစ်ပါကြောင်း၊ ယခုမေလကုန်တွင် ဒုတိယအကြိမ်ပြည်သူသို့ အစီရင်ခံစာထုတ် ပြန်နိုင်ရေးကြိုးစားဆောင်ရွက်နေပါ ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးကော်မတီပူးတွဲဥက္ကဌရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကဆွေးနွေးရာတွင်အကြံပြုချက်များအပေါ်အကောင်အထည်ဖော်သည့်လုပ် ငန်းများကိုပိုမိုတိုးတက်ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်ပေးကြဖို့ပြောကြားလိုပါကြောင်း၊အကြံပြုချက်အားလုံးကိုအပြည့်အဝမ ဟုတ်တောင် ရာနှုန်းပြည့် နီးပါးဆောင်ရွက်နိုင်ရေး ကြိုးစားပေးကြစေလိုကြောင်း၊ ရေတိုရေရှည်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာန များက စနစ်တကျဆောင်ရွက်နိုင်ပြီး နှစ်ဖက်အဖွဲ့အစည်း သဟဇာတဖြစ်ရန်နှင့် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေးပြည်နယ်အစိုးရအနေဖြင့်လည်း ကြိုးစားဆောင်ရွက်နေပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးတွဲဖက်အတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က အကြံပြုချက်(၈၈)ချက်နှင့် စပ်လျဉ်း၍ဆောင်ရွက်နေမှု အခြေအနေ များ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို အကြံပြုချက်တစ်ချက်ချင်း အလိုက်ဆွေးနွေးတင်ပြရာ ကော်မတီ အဖွဲ့ဝင်ဝန်ကြီးဌာနများကလည်းဆောင်ရွက်နေမှုများကို ဖြေကြားရှင်းလင်းခဲ့ပြီး ကော်မတီဥက္ကဌနှင့် ပူးတွဲ ဥက္ကဌတို့က လိုအပ်သည်များဖြည့်စွက်ရှင်းလင်းခဲ့ကာ အစည်းအဝေးကို (၁၆:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။