ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသစ် မကြာခင် အတည်ပြု ပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် ကလေးသူငယ်များတွေ့ဆုံ့ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထည့်သွင်းပြောကြား

နေပြည်တော်၊၂၀၁၈ခုနှစ်၊မေလ ၂၈ရက်

ကလေးသူငယ်များသည်အနာဂတ်တွင်လူကြီးများအဖြစ်နိုင်ငံတာဝန်အသီးသီးကိုပုခုံးပြောင်းထမ်းဆောင်ကြမှာဖြစ်ပြီးယခုလိုငယ်ရွယ်စဉ်ကတည်း က၎င်းတို့နှင့်သက်ဆိုင်သောအခွင့်အရေးများကိုသိရှိနားလည်ထားပြီးရရှိခံစားကြရဖို့လိုပါကြောင်း၊မြန်မာနိုင်ငံသည်ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးဆိုင်ရာ (UNCRC) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဖေါ်ဆောင်ပေးလျက် ရှိရာ တွင် ပထမဦးစွာ ဥပဒေ၊ နည်းဥပဒေများချမှတ်ပြဌာန်းကာ အမျိုးသား ကော်မတီကို ဖွဲ့စည်း ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရေးအခွင့်အရေး(၄) ရပ်ဖြစ်သည့်  အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့်တို့ကိုအကောင် အထည်ဖေါ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါအခွင့်အရေးများကို နိုင်ငံတော် အနေဖြင့် မည်မျှအကောင်အထည်ဖေါ်ပြီးသည်ကို အမြဲဆန်းစစ်နေရမည်ဖြစ်ပြီး ရှင်သန်ခွင့် အနေဖြင့် ပဋိသန္ဓေနေစမှစတင်၍ အကျုံးင်ပါကြောင်း၊ မိဘမရှိပဲမွေးဖွားလာသော ကလေး မရှိပါကြောင်း၊ ၎င်းတို့ မစောင့်ရှောက်မှုကြောင့်သာ ရင်ခွင်မဲ့ကလေးများအဖြစ်သ့ို ရောက်ရှိ လာသည့်အတွက် နိုင်ငံတော်အနေဖြင့် ရင်ခွင်မဲ့ကလေးများ မဖြစ်စေရေး၊ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကို လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ခွင့်အနေဖြင့် ကလေးတစ်ယောက်သည် နည်းမှန် လမ်းမှန်ဖြင့် ဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ပြီး နိုင်ငံတော်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများ ချမှတ်ဖေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည်၊ ပုံမှန်ဖြစ် သည်ကို တိုင်းတာ အချိန်မီပြုစုကုသမှုပေးခြင်း ( Early Childhood Intervention – ECI ) ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စောင့်ရှောက်ခံပိုင်ခွင့်အနေဖြင့် ကလေးသူငယ်များ အကြမ်း ဖက်ခံရခြင်း၊ အလွဲသုံးစားခံရခြင်း၊ လစ်လျူရှုခံရခြင်း စသည်များမှ ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကဏ္ဍသည်အရေးတကြီးလိုအပ်ပါကြောင်း၊ပါဝင်ခွင့်အနေဖြင့်ယနေ့ပြုလုပ်သောအမျိုးသားအဆင့်ကလေးသူငယ်တွေ့  ဆုံပွဲသည်ပါဝင်ခွင့်ကိုအကောင်အထည်ဖေါ်ပေးခြင်းဖြစ်ပြီး၊ အလားတူမိသားစုအတွင်းပါဝင်ခွင့်၊ ပတ်ဝန်းကျင် တွင်ပါင်ခွင့်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် ပြည်ထောင်စုအတွင်းရှိ ကလေးသူငယ်အားလုံး ပြည်ထောင်စုစိတ်ဓါတ်၊ ပူးပေါင်းပါဝင် ဆောင်ရွက်လိုသော စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရဖို့လိုကြောင်း၊ ဖေါ်ပြပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်     ရန်နိုငံတော်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသလို အားလုံးမှာလည်း တာဝန်ရှိပြီး စုပေါင်းဆောင်ရွက်ကြခြင်းဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးန်ကြီးဌာန၊ ပြည်ထောင်စုန်ကြီး ဒေါက်တာဝင်းမြတ်အေးက  (၂၆-၅-၂၀၁၈) ရက်နေ့တွင် နေပြည်တော်၊ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့်ကလေးသူငယ်များတွေ့ဆုံပွဲတွင် အဖွင့်အမှာစကား ပြောကြားပါသည်။

       အဆိုပါတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး န်ကြီးဌာန ဒုတိယန်ကြီး၊ပညာရေးန်ကြီးဌာန ဒုတိယန်ကြီး၊ မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ကလေးသူငယ် (၁၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ကလေးသူငယ်များ၏ တင်ပြချက်များ၊ အမြင်များအပေါ် ဆွေးနွေး ဖလှယ်ခြင်း၊ ကလေးသူငယ်များမှ အခွင့်အရေးဆိုင်ရာ သရုပ်ဖေါ်တင်ဆက်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ယခုအခါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအသစ်ပြဌာန်း နိုင်ရန် ပြည့်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နှင့် ညှိနှိုင်းဆောင်ရွက်မှုအဆင့်သို့ ရောက်ရှိပြီး မကြာမီ ပြဌာန်းနိုင်တော့မည်ဖြစ် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုပြည့်စွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter