ရှေးဦးအရွယ်လေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံဖြိုးရေးဆိုင်ရာ(အခပေး)သင်တန်း(၁/၂၀၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
ရှမ်းပြည်နယ်၊ ၂၀၁၈ခုနှစ်၊မေလ ၂၉ရက်
လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူးဖွင့်လှစ်သောရှေးဦးအရွယ်လေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခပေး) သင်တန်း(၁/၂၀၁၈)သင်တန်းဖွင့်ပွဲအခမ်းအနားအား(၂၈.၅.၂၀၁၈)ရက်နေ့၊နံနက်(၉း၀၀)နာရီတွင်တောင်ကြီးမြို့၊လူမှုဝန်ထမ်းအသိအမှတ်ပြု အမျိုးသမီးပရဟိတဂေဟာ၌ကျင်းပခဲ့ရာအခမ်းအနားသို့ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၊ညွှန်ကြားရေးမှူးဦးထွန်းဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ပြီးအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင်သင်တန်းသားဦးရေ(၆၀)ဦးရှိပြီး သင်တန်းအား(၂၈.၅.၂၀၁၈) ရက်နေ့မှ (၂၁.၆.၂၀၁၈) ရက်နေ့အထိ (၃)ပတ်ကြာဖွင့်လှစ်သွားမည် ဖြစ်ပါသည်။