မြန်မာ-အိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြားရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာပါ သက်ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအ‌ဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၂၅ရက်

 ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြန်မာအိန္ဒ္ဒိယနှစ်နိုင်ငံအစိုးရအကြားနားလည်မှုစာချွန်လွှာပါသက်ဆိုင်ရာလုပ်ငန်းများအကောင်အ ထည်ဖော်ဆောင်ရွက်ရေး အတွက်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကဦးဆောင်၍ကျင်းပခဲ့ပါသည်။အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်()ဦး၊ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်()ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်လာကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သြဂုတ်လ(၂၅)ရက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ဲပြီးနောက်ပိုင်းတွင် UEHRD ပြည်ထောင်စုစီမံကိန်း ပေါ်ပေါက် လာခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း အစိုးရအသစ်တာဝန်ယူစကပင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုံခြုံရေးနှင့်တည်ငြိမ်ရေးလုပ်ငန်းကော်မတီ၊ နိုင်ငံသားဖြစ်ရေးလုပ်ငန်းကော်မတီ၊ နေရာချထားရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးုလုပ်ငန်းကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းကော်မတီ စသည့်ကော်မတီ (၄)ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း လက်တွေ့ အကောင်အထည်ဖော်ရာမှာ အင်တိုက်အားတိုက်နဲ့ အာရုံစိုက်ပုံဖော်ဆောင်ရွက်လျက်ရှိသော်လည်း အခက် အခဲများစွာ ရှိပါကြောင်း UEHRD ကတဆင့် မိတ်ဆွေ နိုင်ငံများ၊ ပြည်တွင်း၊ပြည်ပအသင်းအဖွဲ့များ၏ အကူအညီကို ရရှိခဲ့ပြီး ယင်းတို့ထဲကတစ်ခုအနေဖြင့် အိန္ဒ္ဒိယကတစ်နှစ်ကို အမေရိကန်(၅)သန်းဖြင့် (၅)နှစ် အတွက် စုစုပေါင်း(၂၅)သန်း ထောက်ပံ့မည်ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရကိုယ်စားလှယ်၊လွှတ်တော် ကိုယ်စားလှယ်ကြီးများက အကြေအလည် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ စုံစုံညီညီတက်ရောက် လာကြခြင်းအတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး နားလည်မှုစာချွန်လွှာပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအသီးသီးမှ အဆိုပြုတင်ပြထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်လဲ့လဲ့အေးက ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ပါသည်။ တင်ပြလာမှုများအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

 

 

 

FacebookTwitter