ရခိုင်ပြည်နယ်အတွင်းရှိ လူကုန်ကူးခံရသူများအား ဒုတိယအကြိမ် နောက်ဆက်တွဲ စောင့်ရှောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၈ရက်
ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် IOM အဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်းခံရပြီး မိဘရပ်ထံအပ်နှံခြင်းပထမအကြိမ်နောက်ဆက်တွဲစောင့်ရှောက်ခြင်းများဆောင်ရွက်ခဲ့ပြီးသောစစ်တွေမြို့နယ်မှအမျိုးသမီး(၁)ဦး၊ပေါက်တောမြို့နယ် မှ အမျိုးသား(၂) ဦး ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်မှ အမျိုးသား (၂)ဦး ၊ မြေပုံမြို့နယ်မှ အမျိုးသား(၁)ဦး ၊ ကျောက်တောမြို့နယ်မှ အမျိုးသား(၆)ဦး ၊ ကျောက်ဖြူခရိုင် ၊ ကျောက်ဖြူမြို့နယ်မှ အမျိုးသား (၁)ဦးနှင့် အမ်းမြို့နယ်မှ အမျိုးသမီး(၁)ဦး ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်မှ အမျိုးသမီး(၂)ဦး ၊စုစုပေါင်း(၁၆)ဦးတို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းအနေဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့မှု ပေးအပ်ခြင်းကို (၁၀.၆.၂၀၁၈) ရက်နေ့မှ (၂၂.၆.၂၀၁၈) ရက်နေ့အတွင်း ဆောင်ရွက် ခဲ့ပါသည်။