ဝန်ဆောင်မှုပေးနေသူများအတွက် လူကုန်ကူးမှုနှင့်သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာ နည်းပြသင်တန်းဖွင့်လှစ်ခြင်း
၂၃.၇.၂၀၁၈ ရက်နေ့၊ နေပြည်တော်
"ဝန်ဆောင်မှုပေးနေသူများအတွက်လူကုန်ကူးမှုနှင့်သက်ဆိုင်သော ဖြစ်ရပ်များစီမံဆောင်ရွက် ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာနည်းပြသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော်ဟိုတယ်ဇုံရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုများတွင် အဓိကသက်သေသည် လူကုန်ကူးခံရ သူများ ဖြစ်သောကြောင့် လူကုန်ကူးခံရသူကိုယ်တိုင် တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် လိုလို လားလား ပူးပေါင်းပါဝင်ကြမှသာ အမှုမှန်ပေါ်ပေါက်ပြီး အပြစ်ရှိသူများကို ထိရောက် တားမြစ်သော ပြစ်ဒဏ်များချမှတ်နိုင်ကာ လူကုန်ကူးမှုများ လျော့နည်းလာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ယခု သင်တန်းကို လူကုန်ကူးခံရသူများအား တိုက်ရိုက်ဝန်ဆောင်မှုပေးနေသူများ အနေဖြင့် လူကုန်ကူးမှု နှင့်စပ်လျဉ်း၍ တရားစွဲဆိုရေးလုပ်ငန်းစဉ်များ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရ သူများ၏ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးများကိုသိရှိပြီး လူကုန်ကူးခံရသူများအား ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန်၊ သင်တန်းမှရရှိလာသော ပညာရပ်များကိုအသုံးပြုပြီး လူကုန်ကူးခံရ သူများကိုယ်တိုင် တရားစီရင်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန်အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ သင်တန်းသား/သင်တန်း သူ(၂၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၃.၇.၂၀၁၈)ရက်နေ့မှ (၂၅.၇.၂၀၁၈)ရက်နေ့အထိ (၃)ရက် ဖြစ်ပြီး သင်တန်းဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် World Vision (Myanmar) မှ နည်းပညာနှင့်ငွေကြေးဆိုင်ရာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။