ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေး
၂၄.၇.၂၀၁၈၊ တောင်ကြီး
ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေး
ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲကို
ယနေ့နံနက်(၉း၀၀)နာရီက တောင်ကြီးမြို့
မြို့တော်ခန်းမ၌အောင်မြင်စွာကျင်းပခဲ့ပါသည်။
ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း(မြန်မာ)
မျိုးဆက်ပွားကျန်းမာရေးဆွေးနွေးပွဲအခမ်းအနားကိုယနေ့ နေ့လည်(၁၃း၀၀)နာရီက
တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ရာဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍
ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းအထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာက မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး
ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းသားဖွားမီးယပ်အထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာသင်းသင်းမြတ်ကအရေးပေါ်သားဆက်ခြားနည်းများအကြောင်းကိုဆွေးနွေးရှင်းလင်းခဲ့ပါသည်။ထပ်မံ၍ပါမောက္ခဒေါက်တာမြသီတာက မိသားစုစီမံကိန်းနှင့်သားဆက်ခြားနည်းများအကြောင်းကိုရှင်းလင်းဆွေးနွေးပြီးအခမ်းအနားတက်ရောက်လာသူများနှင့်ဆွေးနွေးမေးမြန်းဖြေကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။