ရပ်ရွာအခြေပြုမြန်မာမုန့်လုပ်နည်းသင်တန်းဖွင့်လှစ်သင် ကြားပေးခြင်း

၂၁.၇.၂၀၁၈၊ ဖျာပုံမြို့

၂၀၁၈ခုနှစ်ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင်ဖျာပုံမြို့/အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့်ကျိုက်လတ်မြို့/အမျိုးသမီးဘဝမြင့်တင် ရေး ဂေဟာ တို့ပူးပေါင်း၍အမျိုးသမီးများ၏စွမ်း ဆောင်ရည်မြှင့် တင် ရန် နှင့်အိမ်တွင်း မှု ပညာရပ်များကို အသက်မွေးဝမ်းကျောင်းမှုပြုနိုင်သည် အထိ တတ် မြောက် စေရန် ရည် ရွယ်၍ရပ်ရွာအခြေပြု မြန်မာမုန့်လုပ်နည်းသင်တန်း ကိုကျိုက်လတ်မြို့/ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာ၌ကျင်းပ
ခဲ့ပါသည်။ အခမ်းအနားသို့ဖျာပုံအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှကျောင်းအုပ်နှင့်သင်တန်းနည်းပြများ/ကျိုက်လတ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့မှဥက္ကဌနှင့်တာဝန်ရှိသူများ/အမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာမှ ကြီး ကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ နှင့် သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။ သင်တန်းသား(၂၀)ဦး ဖြင့်ဖွင့်လှစ်ပေးခဲ့ပါသည်။

FacebookTwitter