ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့် အဖွဲ့က ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ

သြဂုတ် ၁၀ ၊ နေပြည်တော်

        ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူIUEHRD အား ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် စီမံကိန်းများဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း စီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေးအား တည်ဆဲပဒေများနှင့်အညီ ဆောင်ရွက်နေသည့် ကိစ္စများ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ အကူအညီဖြင့် ပြန်လည် နေရာချထားရေး အတွက် အိမ်ရာများ တည်ဆောက်နေမှု၊ နိုင်ငံတော်အစိုးရ၊ UNHCRနှင့် UNDP တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နည်းပညာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများနှင့် ရခိုင်ပြည်နယ် တစ်ခုလုံး ရေရှည်ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခ ကင်းဝေးရေး အတွက် UEHRD စီမံကိန်းကို Private Public Partnership ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များ အနက် အချက် (၈၀) ကျော် အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြပြီး နေရပ်စွန့်ခွာသူများ ပြဿနာကို နှစ်နိုင်ငံ မိတ်ဆွေကောင်းစိတ်ဓါတ်ဖြင့် ပူးတွဲဖြေရှင်းနိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်I နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံကူး လက်မှတ်ဌာန၊ ဘင်္ဂလားဒေ့ရှ် သဘာဝဘေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဒုက္ခသည်များ အကူအညီပေးရေးနှင့် ပြန်လည် လက်ခံရေး မဟာမင်းကြီးရံုံးတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဘက်မှ UEHRD ဒုတိယ ဥက္ကဌ ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ၊ UEHRD ၏ သတင်းနှင့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်မြိုင်၊ UEHRD ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးတိုးအောင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter