ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားOpen Society Myanmar အဖွဲ့ကလာရောက်တွေ့ဆုံ
နေပြည်တော်၊ သြဂုတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားOpen Society Myanmar မှ အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာဝင်းသိန်း ဦးဆောင်သော အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ဆောက်မည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေးအတွက် Multi-Purpose Rehabilitation Complex Master Plan ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ Master Plan ရေးဆွဲပြီးနောက် မူးယစ်ပြန်ထူကိစ္စရပ်များအတွက် Drugs Rehabilitation Training Centre တည်ဆောက်ရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး၊ ဆေးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေးအတွက် ဝန်ကြီးဌာနမှ မျှော်မှန်းချက်များ၊ စီမံချက်များနှင့် Open Society Myanmar မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် ဧရိယာများနှင့် အနာဂါတ်တွင် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအားတွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။