ပြည့်တန်ဆာဆိုင်ရာ ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ
နေပြည်တော်၊ ၂၈.၈.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၈.၈.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀)နာရီတွင် ပြည့်တန်ဆာဆိုင်ရာ ဥပဒေ (မူကြမ်း) အစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် UN အဖွဲ့အစည်းများမှ (၄၂)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။