ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
နေပြည်တော်၊ ၂၆.၉.၂၀၁၈
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးအား (၂၁.၉.၂၀၁၈) ရက်နေ့ နံနက် ၁၀: ၃၀နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ အမှာ စကားပြောကြားရာတွင် လွှတ်တော်အဆင့်ဆင့်မှ ဥပဒေအား အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် နည်း ဥပဒေ ဆက်လက်ပြဋ္ဌာန်းနိုင်ရေး အဆင်သင့်ဖြစ်နေစေရန် ဌာနတွင်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲအသီးသီးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် လွတ်ကင်းသည့်ဌာနခွဲမရှိပါကြောင်း၊ ထို့အ တွက် ဌာနခွဲအလိုက် မိမိတို့သက်ဆိုင်ရာကဏ္ဍများအား နည်းဥပဒေတွင် ထည့်သွင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း ပြောကြားသွားပါသည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ လွှတ်တော်တွင် ဥပဒေပြင်ဆင်မှုလုပ်ငန်းစဉ်များအားလည်းကောင်း၊ ဥပဒေ (မူကြမ်း)အား အတည်ပြုပြဌာန်းပြီးပါက ၎င်းဥပဒေအား အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် နည်းဥပဒေရေးဆွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၎င်း ဥပဒေအရ လူမှုဝန်ထမ်းဦးစီးဌာနမှ အဓိကတာဝန်ယူ လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပတ် သက်၍ နည်းဥပဒေတွင် အသေးစိတ်ထည့်သွင်းရေးဆွဲရန် လိုအပ်သည့်အချက်များအား လည်း ကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြပါသည်။