ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်
နေပြည်တော်၊ ၂၆.၉.၂၀၁၈
လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (လူထု ဗဟိုပြုစီမံကိန်း)တို့ ပူးပေါင်း၍ ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုတားဆီးကာကွယ် ရေးအသိပညာပေးသင်တန်းအား(၂၁-၉-၂၀၁၈)ရက်နေ့နှင့်(၂၂-၉-၂၀၁၈)ရက်နေ့ထိ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာတွင် သင်တန်းသူ/သင်တန်းသား (၇၀)ဦးဖြင့် ခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ ဒေါ်နော်သဝါးမှ ဦးဆောင်၍ ဘာသာရပ်များအား ဆွေးနွေးသင်ကြားခဲ့ပါသည်။
ယင်းအသိပညာပေးသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ရူပါမြတို့မှ သင်တန်းသူ/ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။