ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ ၂၆
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်(၈)ရပ်အနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးနှင့် လူမှုရေးပင်စင် အစီအစဉ် တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်ကို ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လမ်းညွှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။