အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊ ၂.၁၀.၂၀၁၈

၂၀၁၈ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၁.၁၀.၂၀၁၈)ရက်နေ့တွင် မကွေးမြို့ ၊ဖန်ခါးမြေဘိုးဘွား ရိပ်သာ၌ ကျင်းပပြုလုပ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး အဘိုးအဘွား(၂)ဦး အပါအဝင် ဘိုးဘွား(၆၉)ဦးအား ကန်တော့ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး နှင့် တိုင်းေ္လသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ဝင်များဖြင့် စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter