ကချင်ပြည်နယ်အတွင်း မူလနေထိုင်ရာ ကျေးရွာများတွင် ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကချင်ပြည်နယ်အတွင်း မူလနေထိုင်ရာ ကျေးရွာများတွင် ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်
နေပြည်တော်၊ စက်တင်ဘာ ၂ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် သြဂုတ် ၃၁ ရက်နံနက် ပိုင်းက မြစ်ကြီးနားမြိုက မြို့တော်ခန်းမ၌ ကျင်းပသောကချင်ပြည်နယ်အတွင်းရှိ ပြောင်းရွှေ့ပြည်သူများနှင့် မူလနေထိုင်ရာ ကျေးရွာများတွင် ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ယနေ့ အချိန်ထိ စုစုပေါင်း ထေက်ပံ့ငွေကျပ်သိန်းပေါင်း ၂၅၅၀ ကျော်ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိုနှိုင်းပြီး ထာဝရငြိမ်းချမ်းရေးရရှိပြီးသည်နှင့်တစ်ပြိုင်နက် မူလနေ ထိုင်ရာ ကျေးရွာ များသို့ ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်း များကို အဆင်သင့်ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ကချင်ပြည်နယ်အတွင်း များမကြာမီခင် ရရှိလာတော့မည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်အပြီး ပြောင်းရွှေ့ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာ အောင် သက်ဆိုင်ရာ အစိုးရဌာနများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု အားလုံးလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြောင်းရွှေ့ပြည်သူ များနှင့် မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများ အတွက် ငွေကျပ်သိန်း ၆၄၃ ဒသမ ၆၇ နှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်း ခရိုင်၊ ပူတာအိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ငွေကျပ် ၅၄၁ ဒသမ ၂၁ သိန်း စုစုပေါင်း ငွေကျပ် ၁၁၈၄ ဒသမ ၈၈ သိန်းကို ထောက်ပံ့ပေး ခြင်းသည် နိုင်ငံတော်သမ္မတကြီးချမှတ်ထားသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးူမှု အနည်းဆုံးအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနေခြင်းပင် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်ပြည်နယ် အတွင်း လူမှုစီးပွားရေး ဘဝမြင့်မားရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်တို့က လွယ်ဂျယ်မြို့ ကယ်ဆယ်ရေးစခန်းမှ မူလနေထိုင်ရာ ကကျေးရွာများသိုပ ပြန်လည် ရွှေ့ပြောင်း နေထိုင်မည့် အိမ်ထောင်စု ၃၃ စု လူဦးရေ စုစုပေါင် ၁၉၀ တို့အတွက် ဆန်ရိက္ခာဖိုး ၃ဒသမ ၃၇ သိန်း၊ အိမ်ဆောက်ပစ္စည်းဖိုး ၂၁၄ ဒသမ ၅ သိန်း၊ ၇ ဒသမ ၀၆ သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုး၊ ကျောင်းသားကျောင်းသူများအတွက် ၂ ဒသမ ၁၆ သိန်းခန့်တန်ဖိုးရှိသည့် ကျောင်းဝတ်စုံများ၊ ကယ်ဆယ်ရေးစခန်း ၁၀၁ခု ရှိ လူဦးရေ စုစုပေါင်း ၄၃၃၇၈ ဦးတို့အတွက် ဆန်ရိက္ခာဖိုး ၃၁၆ ဒသမ ၆၃ သိန်း၊ သွားလာရန်ခက်ခဲသောဒေသများရှိ ပြောင်းရွှေ့ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ခန့် တန်ဖိုးရှိသော နှစ်ယောက်အိပ်ခြင်ထောင်များ၊ ဆေးဝါးများနှင့် အစားအစာ မုန့်ကြွပ်များ စုစုပေါင်းငွေကျပ် ၆၄၃ ဒသမ ၆၇ သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က မြစ်ကြီးနားမြို့ နယ်အတွင်းရှိ ခရစ်ယာန် မျက်မမြင်ကျောင်းအတွက် ၄၅ ဒသမ ၆၅ သိန်း၊ အောင်တော်မူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၄၂ ဒသမ ၇၅ သိန်း၊ ပြည်လုံးချမ်းသာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၃၅ ဒသမ ၇၂ သိန်း၊ မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၁၂ သိန်း၊ ရန်အောင်မြင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ကိုးသိန်း၊ မေတ္တာစိမ့်စမ်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ကိုးသိန်းနှင့် နေခြည်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၆ ဒသမ ၉၀ သိန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ချမ်းမြေ့လူငယ်ဖွံ့ဖြိုးရေး ပရိတဂေဟာအတွက် ၁၉ ဒသမ ၅၀ သိန်း၊ တနိုင်းမြို့နယ်အတွင်းရှိ မေတ္တာမွန် လူငယ်ဖွံ့ဖြိုးရေး ပရဟိဂေဟာအတွက် ၁၈ သိန်း၊ မြစ်ကြီးနား ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၆ ကျောင်းအတွက် ၉၆ သိန်း၊ ဗန်းမော် မြို့နယ်အတွင်းရှိ ရေရှင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၃၆ ဒသမ ၄၅ သိန်း၊ ညောင်ပင်သာယာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၂၁ ဒသမ ၉၀ သိန်းနှင့် ဗန်းမော်ဘိုးဘွားရိပ်သာအတွက် ၁၆ ဒသမ ၀၁ သိန်း၊ ဗန်းမော်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ခြောက်ကျောင်း အတွက် ၃၆ သိန်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ သပြေပင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် ၃၄ ဒသမ ၉၉ သိန်း၊ မိုးညှင်းခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ခြောက်ကျောင်းအတွက် ၃၆ သိန်း၊ ပူတာအိုခရိုင်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း လေးကျောင်းအတွက် ၂၄ သိန်း စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၅၄၁ ဒသမ ၂၁ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိသည်။