ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ထောက်ပံ့ငွေများပေးအပ်
နေပြည်တော်၊ စက်တင်ဘာ(၂၅) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ (၂၀)ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မူလတန်းကြို ကျောင်း၌ ဦးစီးဌာနနှစ်ခုမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
စက်တင်ဘာ (၂၀)ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ အစည်းအဝေးခန်းမ၌ ဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဘေးဒဏ်ကျရောက် ပါက ခိုလှုံရာ အဆောက်အအုံ (Community Shelter) ဆောက်လုပ်ရန်အတွက် ဦးအောင်ဇော်မြင့် ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် (ပြည်ထောင်စု ဝန်ကြီး )မိသားစုက ငွေကျပ် ၁၀သိန်း၊ ဝန်ကြီးဌာနမှ ငွေကျပ် သိန်း၂၀၀နှင့် သွပ်အချပ် ၅၀တို့ကို မတည်ထောက်ပံ့သည်။
ယင်းနောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးထူးကိုကို၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့တို့မှ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်ချက်များတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး ပင်းတယမြို့နယ် လူမှုကရုဏာ စောင့်ရှောက်ရေး
အသင်းနှင့် ရွာငံ မြို့နယ် လူမှုဂရုဏာစောင့်ရှောက်ရေးအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ငါးသောင်းစီ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် သွပ် ၇၅ချပ်ကို ထပ်မံ ထောက်ပံ့ပေးပြီး ဆင်ခေါင်းရပ် အမှတ်(၃) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို
ကြည့်ရှုခဲ့ကြောင်းသိရသည်။