ချင်းပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ် -

        လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ရောက် ရှိ နေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုရေးကာ ကွယ်စောင့် ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၉ ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ ကွက်စိပ်(၅)ရပ် ကွက်တွင် နေထိုင်သော အသက်(၁၀၄)နှစ်ရှိ အဘိုး ဦးမိန်ထုံထံသို့ သွားရောက်ကာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၏ချီးမြှင့်ငွေ(၂၅)ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂)သိန်းကျပ်အား နိုင်ငံတော် ကိုယ်စားပေးအပ်ကာ အဘိုးနှင့်မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း ပြောကြား ပါသည်။ ထို့နောက်မင်းတပ်ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

       ဆက်လက်၍ မငက်းတပ်မြို့ အထက(၁)တွင် ကျင်းပသော ချင်းပြည်နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေ ချီးမြှင့် ပွဲ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့် ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင် တန်း(၂/၂၀၁၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ချင်းပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသောလူမှုစီးပွားဘ၀ မြင့်မားရေးလုပ်ငန်းများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြပါသည်။

        ထို့နောက် မင်းတပ်မြို့၊ ကွက်စိပ်(၅)အနောက် ရပ်ကွက်နေ(၁၀၄)နှစ်ရှိ ဦးမိန်ထုံနှင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ အသက်(၁၀၂)နှစ်ရှိ အဘွား-ဒေါ်ဟွတ်ဒွေးတို့ အတွက် နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လက်မှတ် ရေးထိုးထားသော ဂုဏ်ပြုလွှာများနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ(၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂)သိန်း ကျပ်စီအား နိုင်ငံတော်ကိုယ်စား အတူနေ မိသားစုဝင် များကို ပေးအပ်ပါသည်။

         ဆက်လက်၍ မင်းတပ်မြို့နယ်အတွင်းရှိ ခြုံကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၇.၄)သိန်း၊ အရှေ့ပြင်ရပ်ကွက် (သိပ္ပံ) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၄.၄၈)သိန်း၊ ဝမ္မသူးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၄.၄၈)သိန်း၊ဝကောက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေ ဟာ အတွက် (၂၉.၂)သိန်း၊မေတ္တာစမ်းရေ ဘိုးဘွားရိပ်သာအတွက်(၆)သိန်း၊ ကန်ပက်လက်မြို့နယ် အတွင်းရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၉.၈)သိန်း ၊ခေါနုသုံ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၅.၅)သိန်း၊ ဘဝအလင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၁၂)သိန်းနှင့်ရင်သွေးငယ်များ ခိုလှုံရာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၁၂)သိန်း၊ မတူပီ မြို့နယ်၊ ခိုဘွေရပ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၁၈.၂)သိန်း၊ ပလက်ဝမြို့နယ်၊ ပလက်၀ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၄.၆)သိန်း၊မင်းတပ်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၄)ကျောင်းအတွက် (၂၄)သိန်း၊ဖလမ်းမြို့နယ် အတွင်းရှိ တောင်းတန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၄၀.၁၀)သိန်း၊ ဗားလုံလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်(၁၀.၅)သိန်း၊ နာဇရက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၉)သိန်းနှင့် အဂ္ဂပ္ပါယ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ အတွက် (၉)သိန်း၊ တီးတိန်မြို့နယ် မြို့နယ်ဗေသေ သဒ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၃၃.၂၅)သိန်း၊ ဖလမ်းခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၅)ကျောင်း အတွက် (၉၀)သိန်း၊ ထန်တလန်မြို့နယ်၊ ထန်တလန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၉.၁၅)သိန်း၊ နိုမန်ပန်းဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၁.၈၅)သိန်းနှင့် ဟရဖီး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၉)သိန်း၊ ဟားခါးမြို့နယ်အတွင်းရှိ ကျုံးကျုံး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက်(၁.၂၅)သိန်နှင့် ဗေသလဘိုးဘွားရိပ်သာအတွက်(၁၄.၆)သိန်း၊ ဟားခါးခရိုင် အတွင်းရှိ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁၁)ကျောင်းအတွက် (၆၆)သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း(၆၈၁.၃၆)သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

          ထို့နောက် ဂေဟာ အုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ၎င်းနောက် မင်းတပ်မြို့ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းသို့ သွားရောက်ကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပါသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးတို့တွင်ဖွင့်လှစ်ထားသည့် လူမှုစောင့်ရှောက်ရေးနှင့် ဘဘာဝဘေးလျော့ ပါးရေးစေတနာဝန်ထမ်း လူငယ်များနည်းပြသင်တန်းတွင် တက်ရောက်နေသော လူငယ်မောင်/မယ်(၁၀၂)ဦးတို့အား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြား ပါသည်။

          ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးသို့သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအား အားပေးအမှာစကားပြောကြားပါသည်။ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမူလတန်း ကျောင်းအား ကြည့်ရှု့၍ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးပြီး ခရိုင်ကယ် ဆယ်ရေး ဂိုဒေါင်အား ကြည့်ရှု့စစ်ဆေးပါသည်။

 

Image removed.Image removed.

         ဆက်လက်၍ ညောင်ဦးမြို့နယ်အတွင်းရှိ ထီးပုကျေးရွာသို့ ကွင်းဆင်းပြီး အသက် (၁၀၀) ရှိ အဘိုး-ဦးညိုကို တွေ့ဆုံ၍လည်းကောင်း၊ စပါးသင်းကျေးရွာသို့ ကွင်းဆင်း၍ အသက် (၁၀၀) ရှိ အဘွား- ဒေါ်ကလီစာ ကို တွေ့ဆုံ၍လည်းကောင်း၊ ကူတောကျေးရွာနေ အသက် (၁၀၀)ရှိ အဘွား-ဒေါ်အပ်သေးကို တွေ့ဆုံ၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသော ဂုဏ်ပြုလွှာ များနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့် ငွေ (၂၅%)မှ ထောက်ပံ့ငွေ (၂) သိန်းကျပ်စီအား နိုင်ငံတော် ကိုယ်စား ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter