သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ Care giver သင်တန်း

ရန်ကုန် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အို များအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်း (၁/၂၀၁၅)ကို ရန်ကုန်မြို့၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် (၄.၉.၂၀၁၅)ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။

       အဆိုပါ သင်တန်း အား သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက် သူများအနေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

       သင်တန်း တက်ရောက်သူများ အတွက် ပညာအရည်အချင်း သတ်မှတ်ချက်မှာ အသက်(၁၈)နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာ အလယ်တန်း အောင်မြင်သူ ဖြစ်ရပါမည်။

       သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ကြာမြင့်မည်ြ ဖစ်ပြီး သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းသား (၃၀)ဦး ဖြင့် ဖွင့်လှစ်မည် ဖြစ်ပါသည်။

FacebookTwitter