သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ (Care giver) အခ‌ပေးသင်တန်း

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများ အ‌နေဖြင့် စနစ်တကျပြုစု စောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver)သင်တန်း အမှတ်စဉ် (၁/၂၀၁၅)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၌ (၁.၉.၂၀၁၅)ရက်နေ့မှ (၂၂.၁၀.၂၀၁၅)ထိ ဖွင့်လှစ်ခဲ့ပါသည်။

      ဆက်လက်၍ သင်တန်းအမှတ်စဉ် (၂/၂၀၁၅)ကို အခပေးသင်တန်းအဖြစ် သင်တန်းသား တစ်ဦးလျှင် ကျပ် ၅၀၀၀၀/- နှုန်းဖြင့် အဆိုပါဂေဟာတွင် (၂၃.၁၁.၂၀၁၅)ရက်နေ့၌ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည် -

      (က) အသက်(၁၈)နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် အောင် မြင်ပြီးသူ ဖြစ်ရမည်။

      ( ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအား စိတ်ပါဝင်စားသူ ဖြစ်ရမည်။

      ( ဂ) သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး အချိန်ပြည့် သင်တန်း တက်ရောက်နိုင်သူ ဖြစ်ရမည်။

       သင်တန်းကာလ(၈)ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဆိုင်ရာ အသေးစိတ်အချက် အလက်များကို သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ အမှတ်(၆၄)၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁ ၆၅၇၉၁၄/ ၀၁ ၆၅၇၀၁၃ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

FacebookTwitter