ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသား နှင့် အဝတ်အထည်များ လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ (၁၆) -

      ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနကဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့်အဝတ်အထည်များ  လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ(၁၆)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ  အလှူရှင် မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစေတနာရှင်များမှ အလှူငွေများကို ပေးအပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် နှင့် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။

      အဆိုပါလှူဒါန်းပွဲတွင် ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင်‌့ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူရှင်မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီ စေတနာရှင်များမှ နေအိမ်(အကြီး) (၈၄)လုံးအတွက် မြန်မာငွေကျပ်  (၃၇၂၉.၆) သိန်း၊ နေအိမ်(အသေး) (၂၇)လုံးအတွက် မြန်မာငွေကျပ် (၁၀၀၉.၈)သိန်း နှင့် ငွေသား မြန်မာငွေကျပ် (၄၁၁၀.၁၂) သိန်း စုစုပေါင်း မြန်မာငွေ (၈၈၄၉.၅၂) သိန်း၊ အမေရိကန်ဒေါ်လာ (၁)သိန်း၊  နှင့် အမေရိကန်ဒေါ်လာ (၃.၀၆)သိန်းခန့် တန်ဖိုးရှိတဲ့ အဝတ်အထည်များကို  လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter