ရေဘေးသင့်ဒေသများအတွက် အလှူငွေများ ဆက်လက်လှူဒါန်း
၂၀၁၅ခုနှစ် ဇွန်လ မှ အောက်တိုဘာလထိ ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့် ပြည်သူများအတွက် အလှူငွေများ ဆက်လက် လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ လ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် လူမှုုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ရာ Myanmar Land and Development Col. Ltd. မှ (၁၀၀) သိန်း၊ အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အရာရှိစစ်သည်များမိသားစုများမှ (၁၁) သိန်းနှင့် ဦးအောင်လင်း+ဒေါ်ခင်သန်းနွဲ့ဆရာခို ဓောဓံဓ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရန်ကုန်မြို့မှ (၂၀) သိန်းတို့ကို ပေးအပ်ရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ၊ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။