မြန်မာနိုင်ငံရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အလှူပစ္စည်းများ လာရောက်လှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ ၁၉ -
နေပြည်တော်၊ ဇန်နဝါရီ ၁၉ ရက် ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ဘေးဒုက္ခရောက်ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာ ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Asian Honda Co.,Ltd မှ အမေရိကန်ဒေါ်လာ ၈၀,၀၀၀ တန်ဖိုးရှိ HONDA Generator မီးစက် (၁၇၀)လုံးနှင့် NCX Co.,Ltd မှ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ တန်ဖိုးရှိ HONDA Water Pump ရေစုပ်စက် (၁၀၀)လုံးတို့အား မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ လာရောက်လှူဒါန်းခဲ့ရာ ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူခဲ့ကာ အလှူရှင်များဖြစ်သော Asian Honda Co.,Ltd မှ Mr.Shinichi Noyori နှင့် NCX Co.,Ltd မှ ဦးနေမင်းဟန်တို့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။