ခန္တီးမြို့ဘိုးဘွားရိပ်သာနှင်‌့ လဟယ်မြို့မူကြိုကျောင်းများ ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ မတ်လ (၁၂) -

     လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် မတ်လ(၁၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး အမှတ်(၅၂) ခြေလျင်တပ်ရင်း၊ မူလတန်းကြိုကျောင်း၌ မူကြိုကလေးများ၏ ပြုစုစောင့်ရှောက်‌ရေးနှင့် ဖွံံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပါသည်။

      ဆက်လက်၍ ဝန်ကြီးဌာနမှ (၄၀၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ခန္တီးမြို့ဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးပါသည်။

      ၎င်းနောက် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြား၍ အဘိုး၊အဘွားများအား အသုံးအဆောင် ပစ္စည်းများ ကန်တော့ကာ ဘိုးဘွားရိပ်သာအတွက် မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါသည်။

      မတ်လ(၁၃)ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ လဟယ်မြို့၌ ဝန်ကြီးဌာနမှ (၃၀၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည်‌့ လဟယ်စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ဦးစီးဥက္ကဌ ဦးရူစံကြူးနှင့် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးပါသည်။

      ၎င်းနောက် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုပြီး မူကြိုကလေးများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖ့ွံဖြိုးတိုးတက်မှု လုပ်ငန်းများအကြောင်း(ECCD) ရှင်းလင်းပြောကြား၍ သက်ဆိုင်သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပြီး နာဂတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

      ဆက်လက်၍ လဟယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆရာဝန်၊ သူနာပြုများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter