လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network )အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ ဇွန်လ(၅)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ မွန်းလွဲ(၁း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်(Gender Equality Network ) အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူနှင့် ကွန်ရက်၏ ဦးဆောင်ကော်မတီဝင်များမှ လာရောက်တွေ့ ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေး နှင့် ပတ်သက်၍လုပ်ဆောင်ပြီးစီးမှုများကို အစီရင်ခံတင်ပြခဲ့ပြီး ရှေ့ဆက်လုပ်ကိုင်ရန် ရည်မှန်း ထားသည်များနှင့်ပတ်သက်၍ လမ်းညွှန်မှှုတောင်းခံခဲ့ပါသည်။ ဆွေးနွေးတင်ပြသည့် အကြောင်း အရာများမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှှုအခြေအနေနှင့်ပတ်သက်၍ သုတေသန အချက်အလက်များကောက်ယူရန်လိုအပ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း( ၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လိုအပ် သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ညှိနှှိုင်းအကောင်အထည်ဖော်နိုင်မည့် နည်းလမ်း များအပြင် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားရန်စီစဉ်ထားရှိမှုများ ကိုတင်ပြဆွေးနွေးခဲ့ပါသည်။ ထိုအပြင် အမျိုးသမီးများ၏စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှှု ဆိုင်ရာကဏ္ဍတိုးတက်ရေးအတွက် လိုအပ်သည့်သုတေသနများဆောင်ရွက်ခြင်း၊ ပဋိပက္ခအခြေ အနေအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှှုအခြေအနေများကို စစ်တမ်းကောက်ယူ လေ့လာခြင်း၊ အလုပ်သမားများနှင့်ဆက်စပ်သော ဥပဒေများ၊ မူဝါဒများတွင် အမျိုးသမီး အလုပ်သမားများအတွက် အကာအကွယ်ပေးရန် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကျား/မ ရေးရာတန်းတူ ညီမျှမှှုသဘောတရားများကို မူလတန်းအရွယ်မှစလေ့ကျင့် သင်ကြားပေးနိုင်ရေး ၊ သင်ရိုးညွှန်း တမ်းဖတ်စာများတွင် ထည့်သွင်းဆောင်ရွက်နိုင်ရန်စသည်တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ ကြပါသည်။