ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

မကွေးတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇

        (၂၃.၆.၂၀၁၇)ရက်နေ့ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေအရ တည်ထောင်ဖွင့်လှစ်သော နေ့ကလေးထိန်းဌာနနှင့် မူလတန်း ကြိုကျောင်းများ၊ ရပ်ရွာအခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများအတွက် မှတ်ပုံတင်ကြေး၊ တည်ထောင် ခွင့်ပြုမိန့်၊ သက်တမ်းတိုးမြှင့်ကြေးနှင့်  အခြားအခကြေးငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည် ပြုချက်ရယူ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ရာ မကွေး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်နွဲ့မှ အသိအမှတ်ပြုရရှိရန် စိစစ်ဆောင်ရွက်နေသော တိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များစာရင်း နှင့် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter