ပဲခူးတိုင်းဒေသကြီး မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
နေပြည်တော်၂၈.၆.၂၀၁၇
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ် အရ တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုပြီးသူ ကလေးသူငယ်များအား မိသားစုနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်း နိုင်ရန် နှင့်နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး မိသားစုနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီလုပ်ငန်းအစည်းအဝေး အား ပဲခူးမြို့၊ YMCA ခန်းမ၌ ၇.၆.၂၀၁၇ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးသုတနှင့် ကော်မတီဝင် များ၊ Unicef မှ စီမံကိန်းအရာရှိ ၊ ILO ၊Save the Children ၊World Vision ၊ KMSS တို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တပ်မတော်မှနှုတ်ထွက်ခွင့်ရရှိထားသော ကလေး သူငယ် များ မိသားစု နှင့် အဆင်ပြေ ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရ`ေး၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေးတွင် ရပ်ရွာအတွင်း အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းတို့အား အပြန်အလှန် ဆွေးနွေးခဲ့ ကြ ပါသည်။