နေပြည်တော်၊ ၂၇.၆.၂၀၁၇ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၇ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးနှင့် လူငယ်တရားစီရင်မှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (International Symposium on Ending Violence Against Children in Juvenile Justice System and International Workshop on Diversion and Restorative Justice) သို့ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူ းချုပ် ဒေါက်တာစန်းစန်းအေးတက်ရောက်လျှက်ရှိပါ ကြောင်း သတင်းရရှိပါသည်။
ကယားပြည်နယ်၊ ၂၇.၆.၂၀၁၇ ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အသိပညာပေးဟောပြောပွဲကိုကယားပြည်နယ်လိုွင်ကော်မြို၊လွိုင်ကော်မူလတန်းကြိူကျောင်း၌ ၂၆.၆.၂၀၁၇ ၇က်နေ့(၀၉း၀၀)နရီအချိန်မှ(၁၁း၃၀)နာရီ အချိန်ထိကျင်းပခဲ့ရာကယားပြည်နယ်မူးယစ်အထူးတပ်ဖွဲ့မှ
နေပြည်တော်၊ ၂၇.၆.၂၀၁၇ မင်္ဂလာသိဒ္ဓိရပ်ကွက် ၊ဓမ္မာရုံ၌ လူမှုဝန်ထမ်းဦးစီးဌာနသည် Action Aid Myanmarနှင့် ပူးပေါင်း၍ ပြည်သူ့ ရေးရာဝန်ဆောင်မှုပေးသည့် ကဏ္ဍများတွင် ကျား၊မအမြင်ရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို (၂၄.၆.၂၀၁၇)ရက်နေ့မှ (၂၅.၆.၂၀၁၇)ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် Action Aid Myanmar မှ Women’s Right Adviser Mrs.Shameem မှ ဦးဆောင်ဆွေးနွေး၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့မှ အရာထမ်း၊အမှုထမ်း (၅၁)ဦး တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကျား၊မရေးရာအခြေခံသဘော တရားများ ကျား၊မတန်းတူညီမျှမှုနှင့်သာတူညီမျှမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၇.၆.၂၀၁၇ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဥိးစီးဌာနနှင့် UNICEF (မြန်မာ), The Leprosy Mission (မြန်မာ)တို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် အရာတော်မြို့နယ်များတွင် ဇွန်လ (၂၆)ရက်နေ့တွင် လည်းကောင်း၊ မုံရွာမြို့နယ်တွင် ဇွန်လ (၂၁)ရက်နေ့တွင် လည်းကောင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းမိတ်ဆက်အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ၂၅-၆-၂၀၁၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်သော လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုင်းရင်းသားဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိလာပြီး ယုံကြည်မှု စိတ်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာပါကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက် အဝန်းနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူ့အသိုင်းအဝိုင်း တစ်ရပ်ဖြစ်ပေါ် လာစေရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နီးစပ်မှုရှိမှသာ လိုအပ်ချက်များကို ဖော်ထုတ်အကောင်အထည်ဖော်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လူသားတိုင်း ဒီမိုကရေစီစံနှုန်းနှင့်ညီသော လူ့အခွင့်အရေးကိုရရှိနိုင်ရန် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ကြိုးစားဆောင်ရွက်နေပါကြောင်းဖြင့်
ရှမ်းပြည်နယ်၊ ၂၄-၆-၂၀၁၇ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားဒေသခံများနှင့် ပိုမိုနီးစပ်စေရန်နှင့် တိုင်းရင်းသားဒေသခံများ၏ လိုအပ်ချက်များကို သိရှိဖြည့်ဆည်းနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသော ကိုးကန့်ဒေသခံများနှင့်တွေ့ဆုံပွဲတွင်
နေပြည်တော်၊ ၂၆.၆.၂၀၀၁၇ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို (၂၅.၆.၂၀၁၇) ရက်နေ့တွင် နေပြည်တော်တိုင်းလူမှုဝန်ထမ်းရုံးမှ
ကချင်ပြည်နယ်၊ ၂၆.၆.၂၀၁၇                  ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသည် ၂၅.၆.၂၀၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ်ရှိ IDP Camp များအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထောက်ပံ့မှုအရ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၆.၆.၂၀၁၇                   (၂၂.၆.၂၀၁၇) ရက်နေ့ မွန်းလွဲ(၁၄း၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေကလေး ပြုစုရေးဌာနတွင် ပြုစုစောင့်ရှောက်ထားသော ကလေးငယ်များအား မိုးတွင်းကာလတွင် ခြင်အန္တရာယ် ကင်း‌ဝေးရေး နှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ကာ ကျောင်းပတ်ဝန်းကျင်နှင့် အခန်းများအားလုံး ကို   ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၆.၆.၂၀၁၇          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်အောက်ရှိ စစ်တွေ ကလေးပြုစုရေးဌာနတွင် ပြုစုစောင့်ရှောက်ထားသော ကလေးငယ်များအတွက် လင်းလက်အနာဂတ်ဖောင်ဒေးရှင်း (ရန်ကုန်)မှ ကျောပိုးအိတ်(၂၂)လုံး၊ မိုးကာအင်္ကျီ(၂၂)ထည်နှင့် စာရေးကိရိယာများအား (၂၁.၆.၂၀၁၇)ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ ပါသည်။