အခြေခံပညာ Grade-12 အောင်မြင်သည့် ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ Grade-12 အောင်မြင်သည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား (၂) ဦး၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား (၂) ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသူ (၂) ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ကျောင်းသူ (၂) ဦး၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား(၁) ဦး၊ ကျောင်းသူ (၁)ဦး စုစုပေါင်းကျောင်းသား/ သူ (၁၀) ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀/- နှုန်းဖြင့် သက်ဆိုင်ရာကျောင်း၏ အလှူရန်ပုံငွေမှ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၆.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့ပါကြောင်း၊ ဆုရကျောင်းသား/သူများကိုယ်စား လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ခရိုင်လူမှုဝန်ထမ်းရုံးများနှင့် ဌာနငယ်/ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ ဆုရကျောင်းသား/ သူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အခမ်းအနားကို နံနက် (၁၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။