အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား (မန္တလေးတိုင်းဒေသကြီး)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအား ၈.၃.၂၀၂၅ ရက်နေ့၊ နံနက် ၀၉း၃၀ အချိန်တွင် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး ဦးဆောင်မှုဖြင့် ၇၁၊ ၇၂ လမ်းနှင့် ၂၆၊၂၇လမ်းကြားရှိ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြား ပြီး၊ မန္တလေးတိုင်း‌ဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးလက်အောက်ရှိ အမျိုးသမီးကလေးသင်တန်း ကျောင်း၊ အမျိုးသမီးသက်မွေးအတတ်သင်ပညာသင်ကျောင်းနှင့် ဧရိပ်မွန်အမျိုးသမီးပရဟိတဂေဟာမှ သမီးငယ်လေးများ၏ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဌာနငယ်/သင်တန်းကျောင်းများ၏  လက်မှုပညာပြခန်းများဖြင့်  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

FacebookTwitter