သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ
၁၁.၆.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးမူလတန်းကြိုကျောင်း အမှတ် (၁) တွင် ကလေးမိဘ (၈၀) ဦးခန့်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေး မိဘအသိပညာပေးဟောပြောပွဲနှင့် အဘိပ်ဆေးခပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။