၂၀၂၃ ခုနှစ်၊ မြန်မာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း (မန္တလေးတိုင်းဒေသကြီး)

     ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအာင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ 
    အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ အမျိုးသမီးကျောင်းများမှ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးစွမ်းဆောင်ရှင်များအား ဆုများချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီး၊ ဌာနငယ်သင်တန်းကျာင်းများရှိ အမျိုးသမီးကျောင်းများမှ ခင်းကျင်းပြသထားသော လက်မှုပစ္စည်းများ၊ ထုတ်ကုန်များနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှု အား‌ပေးခဲ့ကြပါသည်။

FacebookTwitter