ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ

ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်အသိပညာပေး ဟောပြောပွဲကို (၁၀.၉.၂၀၂၄)ရက်တွင် ပုသိမ်အိမ်တွင်းမှုလုပ်ငန်းသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာန၏ဝန်ဆောင်မှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်းရှိ မူလတန်းကျောင်းများမှ ဆရာ/ ဆရာမ (၆၀) ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter