ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၂၀၂၄ခုနှစ် ၊ ဒီဇင်ဘာလ(၃)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပခြင်းအခမ်းအနားကို (၁-၁၂-၂၀၂၄)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တကွ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်မသန်စွမ်းသူများနှင့်မိဘမျာစုစုပေါင်း(၂၅၀)ဦးတို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်မီတာ ၅၀ လမ်းလျှောက်ပြိုင်ပွဲ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် Softball ပစ်ပြိုင်ပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များအား ဆုတံဆိပ်များနှင့် ငွေသားဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။