အိန္ဒိယသမ္မတနိုင်ငံနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း
အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Projects-SDP)အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းအတွက်စက်ပစ္စည်းကိရိယာများထောက်ပံ့ခြင်းနှင့် ရန်ကုန်အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းအားအဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက အဆိုပြုထားသည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် သင်ထောက်ကူပစ္စည်းများနှင့်သက်မွေးသင်တန်းပံ့ပိုးခြင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၁၄း၀၀ နာရီအချိန်တွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါ သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ Deputy Chief of Mission က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်အတွက်လည်းကောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်းကောင်း များစွာအထောက်အကူပြုသည့် နားလည်မှုစာချွန်လွှာများဖြစ်သောကြောင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။