၂၅/၂၆.၉.၂၀၂၂ ၊ ရန်ကုန်မြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၅.၉.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ဦးစွာတွေ့ဆုံ၍ ကလေးများကို ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
၂၅.၉.၂၀၂၂၊ ရန်ကုန်မြို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၂၄.၉.၂၀၂၂) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ရန်ကုန်) နှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့်တွေ့ဆုံခဲ့ပါသည်။
၂၂.၉.၂၀၂၂ ရက်နေ့        ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ (၅.၉.၂၀၂၂)ရက်နေ့မှ (၂၅.၉.၂၀၂၂)ရက်နေ့အထိ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ကလေးပြုစုပျိုးထောင်ရေးစိတ်ပါဝင်စားသူများနှင့် မူကြိုဆရာမပြုလုပ်လိုသူများ
၂၂.၉.၂၀၂၂            လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ(ACW)အစည်းအဝေးအား စက်တင်ဘာလ (၂၀) ရက်နေ့တွင်လည်းကောင်း၊ (၁၄)ကြိမ်မြောက်အာဆီယံအမျိုးသမီးကော်မတီ(ACW)+၃ အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးအား
၁၉.၉.၂၀၂၂၊ မွန်ပြည်နယ် မွန်ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၉-၉-၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စက်တင်ဘာလ ၂၁ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ e-Government ဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေးအစည်းအဝေးအား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂၁.၉.၂၀၂၂      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးလျက်ရှိရာ
၂၀.၉.၂၀၂၂      ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကလေးများအား မူကြို ကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို (၂၀.၉.၂၀၂၂)ရက်နေ့တွင် အမှတ်(၁)မူလတန်းကြို ကျောင်း၊အလုံမူလတန်းကြိုကျောင်း၊ အမှတ်(၄)မူလတန်းကြိုကျောင်းတို့တွင်  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ တက်ရောက် ခဲ့ကြပြီး
(နေပြည်တော်-စက်တင်ဘာလ ၁၉ ရက်) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်
၅.၉.၂၀၂၂၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် In Person ဖြင့် ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၅.၉.၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ In person တက်ရောက်ကြသည့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။