ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန
၂၂.၉.၂၀၂၂ ရက်နေ့
ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ (၅.၉.၂၀၂၂)ရက်နေ့မှ (၂၅.၉.၂၀၂၂)ရက်နေ့အထိ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ကလေးပြုစုပျိုးထောင်ရေးစိတ်ပါဝင်စားသူများနှင့် မူကြိုဆရာမပြုလုပ်လိုသူများ တက်ရောက်ခဲ့ကြပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲ၊ ဖါးဆောင်း၊ မယ်စဲ့မြို့နယ်များမှ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အဘိုး(၁၇၈)ဦး၊ အဘွား(၂၈၀)ဦး၊ စုစုပေါင်း(၄၅၈)ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၃.၇၄)ကျပ်သန်းအား (၁၇.၉.၂၀၂၂)ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ(Talk Show)ကို (၂၁.၉.၂၀၂၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။