လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား

နေပြည်တော် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  လူမှုဝန်ထမ်းဦးစီးဌာန၏  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ ဘက်စုံခန်းမ၌ ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွှန့်က နေပြည်တော် ကောင်စီနယ်မြေအတွင်း လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် နေမှုများ၊ ကောင်စီနယ်မြေ အတွင်း သက်ကြီးရွယ်အိုနှင့် ဆင်းရဲချို့တဲ့ သည့် ကလေးငယ်များ၊ ကိုယ့်အားကိုယ်ကိုး အခြေခံ ပညာကျောင်းများအား ထောက်ပံ့နေမှုများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က ပြည်သူများ၏  လူမှုရေး လိုအပ်ချက်များကို တက်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်  ယခင်နှစ်ကထက် ၃ ဒသမ ၁၃ ဆ တိုးမြှင့်ပြီး ကျပ်သန်းပေါင်း ၁၇၁၆ ဒသမ ၆ သန်း တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထောက်ပံ့ငွေ များသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နေကြောင်းဖြင့် ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ပြည်သူ့ဝန်ထမ်း ဥပဒေကို လေးစားလိုက်နာ ကိုယ်ပိုင်စွမ်းရည်ကို ပြည့်ပြည့်၀၀ ဖော်ထုတ်ဆောင်ရွက်ရန် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန်၊ မေလ (၁၈)ရက် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် မေ(၁၈)ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သင်တန်းကျောင်း/ ဌာန/ မူကြိုကျောင်း များမှ ကျောင်းအုပ်များ နှင့် တာဝန်ခံ အရာထမ်း/ အမှုထမ်း များအား တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား မြန်မာနားမကြားသူများ လူ့အသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်မှု မြှင့်တင်ရေး စီမံချက် အပိုင်း (၂) မှ ကျွမ်းကျင်သူ Ms. OGAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့လာရောက် တွေ့ဆုံ

နေပြည်တော်၊ မေလ (၈) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Japan International Coopertion Agency-JICA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ နားမကြားသူများ လူ့အသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်မှု မြှင့်တင်ရေး စီမံချက် အပိုင်း(၂) (Sign Language Project Phase II) မှ ကျွမ်းကျင်သူ Ms. OGAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ (၃း၀၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံ

မြစ်ကြီးနား၊ ၁၇.၁၀.၂၀၁၈ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Burgener၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် နှင့်အဖွဲ့သည် ယမန်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘူးသီးတောင်နှင့် မောင်တောဒေသရှိ လူမှုအသိုက်အဝန်းများနှင့် တွေ့ဆုံ

မောင်တော၊ ၁၅.၁၀.၂၀၁၈ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ မောင်တောမြို့သို့ရောက်ရှိကြသည်။ ထိုမှတစ်ဆင့် အထူးကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာကြပြီး ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ လူမှုအသိုက်အဝန်းများ နှင့် တွေ့ဆုံခဲ့သည်။

ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCross Movement(RCM) အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊အောက်တိုဘာ၊ ၁၁ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ကြက်ခြေနီလှုပ်ရှားမှု RedCross Movement(RCM)အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နမိတ်မျဉ်းအနီး ယာယီနေထိုင်သူများအား ကြက်ခြေနီလှုပ်ရှားမှုမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကနဦး လေ့လာခြင်းခရီးစဉ်(ခြံစည်းရိုးကို ဖြတ်ကျော်ခြင်းမပြုဘဲ)သွားရောက်ခဲ့ပြီး တွေ့ရှိချက်များ၊ ဒုတိယအကြိမ် အသေးစိတ်ဆန်းစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအားတင်ပြခြင်း၊ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် မှန်ကန်သောချဉ်းကပ်မှုဖြင့်ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ထောက်ပံ့သောနှုန်းထားများ တပြေးညီဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း

နေပြည်တော်၊ အောက်တိုဘာ(၁၄) ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအလိုက် မူဝါဒများအသီးသီးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာကိစ္စများကို စီမံခန့်ခွဲရာတွင် ဘေးဒဏ်များကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ် နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လူ့ဂုဏ်သိက္ခာနှင့်ပြည်စုံသည့် လူ့အသိုင်းအဝိုင်းဖေါ်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးသောမိတ်ဘက် အဖွဲ့အစည်းများဖြစ်သောကြောင့် ယခုလို ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း သဘာဝဘေးဒဏ်ခံစားခဲ့ရသောဒေသများတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများ အတွက် လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတစ်ခု အဖြစ် အလုပ်အကိုင် ဖေါ်ဆောင်ရေးအတွက် သက်မွေးဝမ်းကျောင်း ပညာများ သင်ကြားခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။