ပြည်ထောင်စု ဝန်ကြီး အမျိုးသမီးတန်းတူညီမျှ ဖြစ်မှုနှင့် ဖွံ့တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ(၂၀၁၂) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့နံနက်(၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ဘဏ်မှ ပြုစုထုတ်ဝေ  ထားသည့် အမျိုးသမီး တန်းတူညီမျှ ဖြစ်မှုနှင့် ဖွံ့တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (2012) (Gender and Development Report 2012 by World Bank) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား သို့ တက်ရောက်ပြီး

ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ အဆင့် အစည်းအဝေးများ သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ(၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့စက်တင်ဘာလ(၅)ရက်နေ့မှ(၈)ရက်နေ့ထိသွားရောက်ခဲ့ပါသည်။

အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ (၁၆) ရက် -

    အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ Enhancing of Women's of Empowerment Sector Working Group (EWE-SWG)၏ ပထမအကြိမ် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၀၈း၄၅) နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (1st Myanmar Development Cooperation Forum) မှ ထွက်ပေါ်လာသော နေပြည်တော် ကြေညာစာတမ်း (Nay Pyi Taw Accord) အရ လုပ်ငန်းအဖွဲ့ ၁၆ ဖွဲ့အနက် လူမှုအကာအကွယ် ပေးရေးနှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့တို့တွင် မိမိတို့ ဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်လျက် ရှိပါကြောင်း။

လူမှုရေးပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးဆွေးနွေး

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်ဆီမှ Director of Training Department Mr. Mattanya Cohen နှင့် အစ္စရေးသံအမတ်ကြီး H.E Mr. Hagay Moshe Behar တို့သည် ယမန်နေ့ နံနက်၁၁နာရီတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပြီး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အောင်ပွဲရ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ သြဂုတ်လ(၁၄) -

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အကြို တံခွန်စိုက် ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို သြဂုတ် (၁၃) ရက် နံနက် (၁၀)နာရီက အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကြီးတွင် အောင်မြင်မှု ရရှိစေရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် အုပ်ချုပ်သူနည်းပြ များအနေဖြင့် ယခင်ကထက် ပိုပြီး အားကစားသမားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်ရေး ပိုင်းများတွင် ဂရုတစိုက် ဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် ကျန်ရှိနေသော ငါးလအတွင်းတွင် ရေကုန်ရေခန်း ကြိုးစားလေ့ကျင့်ပြီး ရေ့ွှတံဆိပ်ဆုရရှိအောင် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်သူများ ဖြစ်အောင် ကြိုးစားကြရန်ဖြင့် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာရုံးမှ Ambassador Luis Cdebaca ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ

နေပြည်တော်၊ သြဂုတ်လ(၈) -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာရုံးမှ Ambassador Luis Cdebaca ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ နံနက် ၁၀း၀၀ နာရီတွင် အဆိုပါ ဝန်ကြီးရုံးမှ မေခလာခန်းမ၌ တွေ့ဆုံ၍ လူကုန်ကူးမှု ခံရခြင်းကြောင့်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ(၂၈)ရက် -

       နံနက် (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေး နှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများကို Computer Software များဖြင့် လေ့ကျင့်မှုပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က လာရောက်ဆွေးနွေး

နေပြည်တော်၊ ၁၈.၁၀.၂၀၁၈ မသန်စွမ်းကလေးငယ်များ အသုံးပြုနိုင်ရေးအတွက် Moveahead Software နှင့်ပတ်သက်၍ နယူးဇီလန်နိုင်ငံ Dr.Trevor Geddes အဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား လာရောက်တွေ့ ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများ၊ မသန်စွမ်းကလေးသူငယ်များ အမြင့်မားဆုံး ဖွံ့ဖြိုးမှုရရှိရေး၊ လူတိုင်း အကျုံးဝင် ပညာသင်ကြားခွင့် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းကလေးသူငယ်များသည် အခြားကလေးသူငယ်များကဲ့သို့ အမြင့်မားဆုံး ဖွံ့ဖြိုးမှုရရှိရေးအတွက် အရေးကြီးသော ဆောလျင်စွာ ဆန်းစစ်သက်မှတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးသည့်အစီအစဉ်များ (Early Childhood Intervention) ဆောင်ရွက်ရန် ကြိုးပမ်းနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၂၇)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင် မှ တက်ရောက် အမှာစကား ပြောကြားရာတွင်   နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရအဖွဲ့သည်  ပြည်သူလူထု ဗဟိုပြုအစိုးရ   (People Centered Government ) ဖြစ်သဖြင့်  ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည်‌့ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ  ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄)  တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေများသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းများကို တောင်ပိုင်းခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊  ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ ကျောင်း/ဌာန အစဉ် တိုးတက်စေရန် ရရှိငွေများကို ဘဏ်မှာအပ်ထားပြီး အတိုး၊ အရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းကပ်လှူ

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။