နိုင်ငံတော်ဖွံ့ဖြိုးရေးတိုးတက်လာစေရန် နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်

ရန်ကုန်၊ ဇွန် ၁၀ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၄၂၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကို ဇွန် ၈ရက်နံနက် ၁၀နာရီတွင် ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာ မြနန္ဒီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် ရှိ ဘိုးဘွားရိပ်သာနှစ်ခု လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၅)ခုနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၅) ကျောင်းတို့အတွက် စုစုပေါင်းငွေကျပ် သိန်း ၃၉၈ ဒသမ ၄၈သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ များအတွက် အလှူငွေများထောက်ပံ့

နေပြည်တော်၊ ဇွန် ၂ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို မေ ၃၁ရက် နံနက် ၁၀ နာရီတွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်၍ ပုသိမ်မြို့နယ် စက်တော်ရာဘိုးဘွားရိပ်သာ အတွက် ငွေကျပ် ၃၀ ဒသမ ၆၁သိန်းနှင့် ကန်သုံးဆင့်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၆၄ ဒသမ၁၉သိန်း၊ ငပုတောမြို့နယ် ရွှေကျောင်းတိုက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ်၅၈သိန်း ဒသမ ၄၃သိန်း၊ ကျုံပျော်မြို့နယ် ရေစခန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၄၀ ဒသမ ၁၀သိန်း၊ ပုသိမ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၉)ကျောင်းအတွက်

အောင်ပွဲရ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၂ -

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောင်ပွဲရ မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အားကစားရွာ ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများသည်  ရွှေတံဆိပ် ၃၄ခု ၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၆ ခု ရရှိခဲ့ကြောင်း။

ကလေးသူငယ် အဓိက အခွင့်အရေးများ အပြည့်အဝရရှိခံစားစေရန် ဖော်ဆောင်လျက်

နေပြည်တော်၊ ဇန်နဝါရီ (၂၁)ရက် -

      မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုုပ် (United Nations Convention on the Right of the Child)အဖ့ွဲဝင်နိုင်ငံဖြစ်သည့် အားလျှော်စွာကလေး သူငယ်များအတွက် အဓိကအခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရရှိခွင့် နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကို အပြည့်အ၀ ခံစားနိုင်စေရန် အကောင်အထည်ဖော်ခြင်း ၊စောင့်ကြည့်ကြီးကြပ်ခြင်း နှင့် အစီရင်ခံတင်ပြခြင်း လုပ်ငန်း(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၄) အစည်းအဝေး ၌ ပြောကြားခဲ့သည်။

မသန်စွမ်းအားကစားသမားများအား တွေ့ဆုံအားပေး

နေပြည်တော်၊ ဇန်နဝါရီ (၈)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်နှင့်အတူယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်အားကစားရွာ၌ (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နိုင်ငံ့ကိုယ်စားပြု မသန်စွမ်းအားကစားသများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးများဖိုရမ် ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ (၈)ရက် -

         ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်နှင့် အညီ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့်  ကမ္ဘာ့အမျိုးသမီးများဖိုရမ် (ပြောင်းလဲမှု မြန်ဆန်သော လူမှု အဖွဲ့အစည်း အတွင်းမှ အမျိုးသမီးများ) Women's  Forum (2013)- Women in a fast-opening society ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်သည့် သက်ကြီးရွယ်အို များနေ့ပိုင်းစောင့်ရှောက် ရေးဂေဟာ ဖွင့်ပွဲသို့တက်ရောက်

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ်အခွင့်အရေး များအတွက် ဒုတိယအကြိမ် အဆင့် မြင့်အရာရှိများ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာလ(၂၈) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများဖိုရမ်သို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက် နေ့ထိ လည်းကောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ်အခွင့်အရေး များအတွက် ဒုတိယအကြိမ် အဆင့် မြင့်အရာရှိများ  အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်သို့ အောက်တိုဘာ(၂၁)ရက်နေ့မှ (၂၅)ရက် နေ့ထိ လည်းကောင်းသွားရောက်ခဲ့ပါသည်။

လူမှုကရုဏာ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ခေတ်နှင့်အညီ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ (၇) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျှက် အောက်တိုဘာ (၅)ရက် ညနေပိုင်းတွင် မန္တလေးမြို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေး ခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ပြောင်းလဲလျက်ရှိသည့် ခေတ်၊ စနစ်နှင့်အညီ လူမှုကရုဏာ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပိုမိုအလေးထား ကြိုးစားဆောင်ရွက်ကြ ရန်မှာကြားခဲ့သည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) မိတ်ဆက်တင်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ (၃) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေးနှင့် အမျိုးသမီး အခွင့်အရေး ကိစ္စများကို ကြိုးပမ်း အကောာင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းဖြင့် ယနေ့နံနက် (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး  အမျိုးသားအဆင့် မဟာဗျူဟာ  စီမံကိန်း (၂၀၁၃-၂၀၂၂)  မိတ်ဆက်တင်ပြခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောာင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။