ဘီးတပ်ကုလားထိုင် အစီး ၁၈၀ ပေးအပ်လှူ ဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၃ -

     လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးခန်းမ၌ အမေရိကန်နိုင်ငံအခြေစိုက် Latter Day Saint Charities(LDSC)နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)တို့က ဘီးတပ်ကုလားထိုင် အစီး ၁၈၀ ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၂ ရက် နံနက် ၁၁နာရီခွဲက ကျင်းပရာ Couthry Director Mr.Larry Fredrick Sippel က ဘီးတပ်ကုလားထိုင်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်ထံ ဘီးတပ်ကုလားထိုင်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကိုးမြို့နယ် စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်၊ ဇူလိုင် ၁၅ -

          ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် အတွင်းရှိ ကိုးမြို့နယ်အတွင်းမှ ဘိုးဘွားရိပ်သာ၊ မူလတန်းကြိုကျောင်း၊ လူငယ်ပရဟိတဂေဟာ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း ၂၂ခုအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် ၇၀၂ ဒသမ ၇၃သိန်းအား ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၄ရက် နံနက် ၈နာရီခွဲက ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန် ထမ်း အတတ်သင် သိပ္ပံကျောင်း ခန်းမ ဆောင်တွင် ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ  ဘိုးဘွား ရိပ်သာ၊ ကျောင်း၊ ဂေဟာ တာဝန်ရှိသူများသို့ ပေးအပ်ခဲ့သည်။

ကျေးရွာလူထုများအထိ သဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးခြင်း စနစ် အကောင်အထည်ဖော်မှု နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၀ -

      ကျေးရွာလူထုများအထိ သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးစနစ်အကောင်အထည်ဖော်မှု နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၈ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဂရန်းအမရဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၃ခုနှစ်အတွင်းမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီJICAတို့ ပူးပေါင်းဆောင်ရွက်ပြီး သဘာဝဘေးအန္တရယ်ဆိုင်ရာ ကြိုတင်သတိပေး စနစ်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြည်သူလူထုစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာလူထုများအထိ (End- to- End) ကြိုတင်သတိပေးစနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၉ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၂၀၁၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၉ရက် နံနက်ပိုင်းက အဆိုပါ ဝန်ကြီးရုံးစိုက်ပျိုးကွင်း၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့်ဒေါ်စုစုလှိုင်တို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

လူငယ်လူရွယ်များ အားလုံး ပါဝင်ဆောင်ရွက်ခွင့် ရရှိ ကျေးရွာ အခြေပြု စေတနာ့ဝန်ထမ်း လူငယ်များ နည်းပြ သင်တန်းဖွင့်

နေပြည်တော်၊ ဇူလိုင် ၆ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပညာရေးကောလိပ် ပညာရတနာခန်းမ၌ ကျင်းပသော မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက အမှာစကားပြော ကြားသည်။

မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃ -

      ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပရာ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ဇနီး ဒေါ်ခင်အေးမြင့်၊ နာယက ဒေါ်နီနီဝင်း၊ ဒေါ်ကျင်ခိုင်နှင့် ဒေါ်မြသိင်္ဂ ီ၊ အဖွဲ့ချုပ်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌနှင့် အတွင်းရေးမှူး၊ အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး ၊ ၁၅.၁၀.၂၀၁၇ ၂၀၁၈ခုနှစ် ၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မကွေးမြို့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးမှ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲသူများအား အားပေးစကားပြောကြားကာ ယင်းနေ့ နံနက်(ရးဝဝ)နာရီမှ စတင်၍ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ စတင် ထွက်ခွါပြီး ပြည်တော်သာလမ်းတစ်လျှောက် လမ်းလျှောက်၍ ဗိုလ်ချုပ်ပန်းခြံတွင်ပန်းဝင်ခဲ့ပါသည်။

စေတနာ့ဝန်ထမ်းလူငယ်များအား မိုဘိုင်းဖုန်းဆင်းကတ်ထောက်ပံ့

နေပြည်တော်၊ ဇွန် ၂၉ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဇွန် ၂၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကယ်ဆယ်ရေး ဂိုဒေါင်ရေဝင်ရောက်မှုကြောင့် ပြန်လည်ပြင်ဆင်ထားမှုအခြေအနေများအား ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်ပြသင်တန်းဖွင့်

နေပြည်တော်၊ ဇွန် ၂၅ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ကောင်စီဝင်း ဇမ္ဗူသီရိခန်းမ၌ ကျင်းပသော နေပြည်တော်ကောင်စီအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်း လူငယ်များနှင့် သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်း လူငယ်များနည်းပြသင်တန်း(၆/၂၀၁၄)ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးသန်းဌေးက အမှာစကားပြောကြားပြီး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းကို တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြသည်။

စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်းဖွင့်

နေပြည်တော်၊ ဇွန် ၂၂ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင်သည် ဇွန် ၂၁ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၂)ရက်ကွက်၌ မူလတန်းကြိုကျောင်းဆောက်လုပ်မည့်မြေနေရာနှင့် အမှတ်(၁)ရပ်ကွက်၌ တောင်ငူခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဂိုဒေါင်တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။