မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၃ -
ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပရာ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်နှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ဇနီး ဒေါ်ခင်အေးမြင့်၊ နာယက ဒေါ်နီနီဝင်း၊ ဒေါ်ကျင်ခိုင်နှင့် ဒေါ်မြသိင်္ဂ ီ၊ အဖွဲ့ချုပ်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌနှင့် အတွင်းရေးမှူး၊ အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံသည် အာဆီယံ အမျိုးသမီးရေးရာကော်မတီနှင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင် တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် မဲခေါင် ဒေသတွင်းနိုင်ငံများအနက် လူကုန်ကူးတားဆီးရေးဥပဒေကို ပထမဆုံးရေးဆွဲပြဠာန်းနိုင်သည့် နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာကော်မတီအနေဖြင့် အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ် စီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်စဉ်လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ရေး၊ အမျိုးသမီးများ အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆက်လက်ရေးဆွဲရေး၊ အမျိုးသမီးအခွင့်အရေးနှင့် ကျား/မတန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးမှု အစီအစဉ်များကို တစ်နိုင်ငံလုံး လွှမ်းခြုံ မှုရှိစေရန် ဆောင်ရွက်နိုင်ရေး၊ အစိုးရဝန်ကြီးဌာနများတွင် Gender Focal Point များဖွဲ့စည်းထားရှိရေး၊ လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေနှင့် အမျိုးသမီးအခွင့်အရေးများ၊ ဥပဒေများကို ဆက်လက်ဖွင့်လှစ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်မြမြက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပေကျင်းကြေညာစာတမ်းတွင် ပါဝင်သည့်လုပ်ငန်းစဉ်၊ ထောင်စုနှစ်ရည်မှန်းချက်များနှင့် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက် ရေး ကွန်ဗင်းရှင်းတွင်ပါဝင်သည့် ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ချက်ရှိပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် ကျောင်းနေအရွယ်ကလေးများကို ကျောင်းနေနိုင်ရေး၊ ဘုန်းတော်ကြီးကျောင်းများနှင့် စေတနာ ညကျောင်းများဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်ပညာဆက်လက်မသင်ကြားနိုင်သော ချို့တဲ့ကျောင်းသူများကို ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့လူငယ်အဖွဲ့အစည်း၏ ယဉ်ကျေးမှု တန်ဖိုးများ ထိန်းသိမ်းစောင့်ရှောက်ရေးသည် လိုအပ်လျက်ရှိပြီး မြို့ပြနှင့်ကျေးလက်ရှိ မြန်မာအမျိုးသမီးများ အတုယူ မမှားစေရန်နှင့် ထိန်းသိမ်းမှုရှိစေရန်အတွက် အမျိုးသမီးများ၏ စုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုန်က ၂၀၁၂ခုနှစ်တွင် အမျိုးသား စာပေဆုများရရှိခဲ့ သည့် ဒေါ်ခင်မြဇင်၊ ဒေါက်တာခင်လက်ျာနှင့် ဒေါ်ရွှေမြိုင်ပြုံးလဲ့မော်တို့အား ဆုပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဂုဏ်ထူးဆောင်နာယကဒေါ်ခင်အေးမြင့်က ၂၀၁၂ခုနှစ်၊ အမျိုးသားစာပေဆုရ ဒေါက်တာ ခင်စန်းမော်၊ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ မယမင်းသူနှင့် ၂၀၁၃ခုနှစ် ထူးချွန် အမျိုးသမီး ရဲတပ်ဖွဲ့ဝင် တပ်ကြပ်နွယ်နီဦးတို့အား ဆုပေးချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ၂၀၁၃ခုနှစ် ထူးချွန်အမျိုးသမီး ကြက်ခြေနီ တပ်ဖွဲ့ဝင်ဒုတိယတပ်ရင်းမှူး ဒေါ်မြင့်မြင့်ဦး၊ (၁၂)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုတံခွန်စိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မအေးအေးစိုးနှင့် ၂၀၁၃ခုနှစ် မသန်စွမ်းအားကစားမယ် မနော်ဟဲဖောထူးထွေးအားလည်းကောင်း၊ နာယက ဒေါ်ကျင်ခိုင်က ယဉ်ကျေးလှပ မြန်မာအမျိုးသမီးဘဝခေါင်းစဉ် ဖြင့် ရောင်စုံဓါတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဟယ်လင်နှင့် ဒုတိယဆုရရှိသည့် ချိုချိုမြင့် (စီးပွားရေး တက္ကသိုလ်- ရန်ကုန်)တို့အားလည်းကောင်း၊ နာယက ဒေါ်မြသိင်္ဂ ီက တတိယဆုရ ဆင်ဖြူကျွန်း ဇော်ဇော်ဝေနှင့် အထူးဆုရရှိသူများအားလည်းကောင်း၊ နာယက ဒေါ်ခင်မိမိက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဝတ္တုတို ပြိုင်ပွဲ ပထမဆုရ မမေစိမ်းဝင်း၊ ဒုတိယဆုရ ဒေါ်နုနုသိန်းတို့အားလည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဌဒေါ်မြမြက တတိယဆုရ ဦးဇော်လွင်ဦး(ဟင်္သာတ)နှင့် အထူးဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ခဲ့ကြသည်။
ထို့နောက် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်မြမြက လှူဒါန်းရရှိထားသော လူနာတင်ယာဉ်အား မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်ထံ ထပ်ဆင့် လှူဒါန်းခဲ့သည်။