လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်ပြသင်တန်းဖွင့်

နေပြည်တော်၊ ဇွန် ၂၅ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ကောင်စီဝင်း ဇမ္ဗူသီရိခန်းမ၌ ကျင်းပသော နေပြည်တော်ကောင်စီအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်း လူငယ်များနှင့် သဘာဝဘေးလျော့ပါးစေတနာ့ဝန်ထမ်း လူငယ်များနည်းပြသင်တန်း(၆/၂၀၁၄)ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးသန်းဌေးက အမှာစကားပြောကြားပြီး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းကို တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က ပျဉ်းမနားဘိုးဘွားရိပ်သာအတွက် ၂၉ ဒသမ၁၅သိန်း၊ ခေမာသီဝံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၃၄ဒသမ ၉၉သိန်း၊ မြတ်ဆုမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၅၉ ဒသမ ၀၈သိန်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆)ကျောင်းအတွက် ၃၆သိန်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ စမတောင်လူငယ်ဖွံ့ဖြိုးပရဟိတဂေဟာအတွက် ၂၆၂ဒသမ ၁၂သိန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၇)ကျောင်းအတွက် ၄၂သိန်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းအတွက် (၆)သိန်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမေတ္တာစံ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၄၂သိန်း၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၄)ကျောင်းအတွက် ၂၄သိန်း၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၄) ကျောင်းအတွက် ၈၄သိန်း၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းတစ်ကျောင်း အတွက် ၆သိန်း၊ စုစုပေါင်းငွေကျပ်ပေါင်း ၆၄၇ဒသမ ၇၄သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စုပေါင်းခန်းမ၌ ကျေးရွာ ၄၀မှ စေတနာ့ဝန်ထမ်းလူငယ်များအား နည်းပြ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

      လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ အတွက် နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၄)မှ (၅/၂၀၁၄)ထိကို ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့ရှိ ခရိုင်များနှင့် တောင်ငူခရိုင်၊ ပဲခူးခရိုင်တို့မှ လူငယ်မောင်မယ်များအား နည်းပြသင်တန်းများပို့ချခဲ့ပြီး ဆင့်ပွား သင်တန်းများပို့ချနေကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူသင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

FacebookTwitter