အပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး ၊ ၁၅.၁၀.၂၀၁၇

            ၂၀၁၈ခုနှစ် ၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မကွေးမြို့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးမှ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲသူများအား အားပေးစကားပြောကြားကာ ယင်းနေ့ နံနက်(ရးဝဝ)နာရီမှ စတင်၍ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ စတင် ထွက်ခွါပြီး ပြည်တော်သာလမ်းတစ်လျှောက် လမ်းလျှောက်၍ ဗိုလ်ချုပ်ပန်းခြံတွင်ပန်းဝင်ခဲ့ပါသည်။

            လမ်းလျှောက်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ ၊ ီဏွှဥမသန်စွမ်း အဖွဲ့ဝင်များနှင့်အတူ မသန်စွမ်းသူ (၈၀)ဦး၊ ပံ့ပိုးကူညီသူ(၇၀)ဦး စုစုပေါင်း(၁၅၀)ဦး တို့သည် မသန်စွမ်း အမျိုးအစား(၄)မျိုးဖြစ်သည့် အမြင်အာရုံချို့တဲ့သူ ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၊ ဉာဏ်ရည်မသန်စွမ်းသူတွေကို ခွဲခြားပြစ်ပယ်ဆက်ဆံခြင်းကင်းဝေးစေဘို့ ၊ လူ့အသိုင်းအဝိုင်းမှာ အများနည်းတူပါဝင်နိုင်စေဘို့ ၊ မသန်စွမ်းသူတွေမှာလည်း ပညာ သင်ယူနိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများရပိုင်ခွင့်နှင့် အမှီအခိုကင်းစွာရပ်တည်နိုင်ခွင့်စသည့် အခွင့်အရေးများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးသောနည်းဖြင့် အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားအား ကျင်းပခဲ့ပါသည်။

FacebookTwitter