ပြည်ထောင်စု ဝန်ကြီး အမျိုးသမီးတန်းတူညီမျှ ဖြစ်မှုနှင့် ဖွံ့တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ(၂၀၁၂) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့နံနက်(၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ဘဏ်မှ ပြုစုထုတ်ဝေ  ထားသည့် အမျိုးသမီး တန်းတူညီမျှ ဖြစ်မှုနှင့် ဖွံ့တိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (2012) (Gender and Development Report 2012 by World Bank) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား သို့ တက်ရောက်ပြီး မြန်မာနိုင်ငံဟာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ အဖြစ်လည်းကောင်း ၊ အာဆီယံအမျိုးသမိးနှင့် ကလေးသူငယ်များ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မရှင် နှင့် အာဆီယံ အမျိုးသမီးရေးရာ ကော်မတီတို့၏ တက်ကြွသော အဖွဲ့ဝင် အနေဖြင့်လည်းကောင်း ၊ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးနှင့် အမျိုးသမီးများအခွင့်အရး အပြည့်အ၀ ရရှိခံစားနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၁၂ ) (National Strategic plan for advancement Of Women- NSPAW) ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာခင်မိတ်ဆက် ဖြန့်ချီမှာဖြစ်ကြောင်း ၊ ဝန်ကြီးဌာနမှဦးဆောင်၍ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သောအဖွဲ့ နှင့်(၉၈)ဖွဲ့ ပါဝင်သော အမျိုးသား၊ အမျိုးသမီးတန်းတူ ညီမျှဖြစ်ရေး ကွန်ယက်အဖွဲ့နှင့်ပူးပေါင်းကာ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေ (Violence against women Law) ကို ရေးဆွဲ လျက်ရှိ ပါ ကြောင်း  ၊ အစီရင်ခံစာမှာပါရှိသော တွေ့ရှိချက် ၊ အကြံပြုချက်များသည် ဝန်ကြီးဌာနမှရေးဆွဲလျက်ရှိသော စီမံကိန်းများနှင့် နိုင်ငံတော်မှ ရေးဆွဲလျက်ရှိသော မြန်မာအမျိုးသမီးများအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှာ တစ်ဖက်တစ်လမ်းမှ ထောက်အကူပြုမည်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အစီအစဉ်အရ  ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး Mr. Kanthan Shankar မှ အမျိုးသားအမျိုးသမီး တန်းတူညီမျှဖြစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (၂၀၁၂) အကြောင်းရှင်းလင်း ပြောကြားပါသည်။

    ယင်းအစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်လျက်ရှိသော သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ယက် (Gender Equality Network) မှ ကိုယ်စားလှယ်များ စုစုပေါင်း(၁၀၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter